အသည်းကင်ဆာအထိဖြစ်စေတတ်သော Aflatoxin

 


🍾အရက်သောက်တာက အသည်းခြောက်တာနဲ့ အသည်းကင်ဆာလိုဆိုးဝါးတဲ့ရောဂါတွေအထိဖြစ်ပွားစေတတ်တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ 😣😣တချို့တွေ အရက်မသောက်ဘဲ အသည်းရောဂါတွေဖြစ်တတ်ပါတယ်။  

👇အသည်းရောဂါဖြစ်စေတဲ့ အခြားသော အကြောင်းအရင်းများစွာလဲရှိပါသေးတယ်။
 ❗️အသည်းရောင်အသားဝါ B ပိုး C ပိုး ကူးစက်ခံရတာ၊ ကင်ဆာ မျိုးရိုးရှိတာတွေကလဲ အသည်းကင်ဆာဖြစ်ပွားတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။  
❓❓️တခါတလေ အကြောင်းအရင်းရှာမရဘဲ ရောဂါဖြစ်ပွားနိုင်ပါတယ်။ 
⚠️⚠️ရှောင်နိုင်ဖို့ခဲယဉ်းတာကတော့ အစားအသောက်တွေမှာ ပါနိုင်တဲ့ အသည်းကင်ဆာအထိဖြစ်ပွားစေတဲ့ 😱aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ဖြစ်ပါတယ်။ 
👉Aflatoxin ဆိုတာအစားအသောက်တွေပေါ်မှာပေါက်ဖွားတတ်တဲ့Aspergillus fungiဆိုတဲ့ မှိုတစ်မျိုးကနေ ထုတ်လွတ်လိုက်တဲ့ အဆိပ်တစ်မျိုးဖြစ်ပါတယ်။ 
👉အဲ့ဒီ အဆိပ်ဟာ အလွန် အန္တရာယ်များပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတတ်ပါတယ်။ အထူးသဖြင့် အသည်းကို အဆိပ်ဖြစ်စေတတ်ပြီး ကင်ဆာရောဂါထိ ဖြစ်ပွားစေတတ်ပါတယ်။
🥜မြေပဲ 
🌽ပြောင်းဖူး
 🌶ငရုတ်သီး စတဲ့ ကောက်ပဲသီးနှံတွေမှာလဲ 
ကပ်ညိတတ်ပါတယ်။ 
⚠️ကောက်ပဲသီးနှံတွေကို ထုတ်လုပ်တဲ့နေရာမှာ မြင့်မားတဲ့ ပူနွေးစိုထိုင်းမှုကြောင့်ဖြစ်တတ်သလို၊ ထိန်းသိမ်းတဲ့နေရာမှာ သန့်ရှင်းမှု အားနည်းတာကြောင့်လဲ အစားအစာတွေမှာ မှိုတွေပေါက်ဖွားလာနိုင်ပါတယ်။
‼️Aflatoxin ဟာ ကျန်းမာရေးကို နည်းလမ်းပေါင်းများစွာနဲ့ ထိခိုက်စေနိုင်ပါတယ်‼️
၁။အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး အသည်းရောင်ရမ်းတာ အသည်းကိုထိခိုက်စေတာ အသည်းကိုပျက်ဆီးသည်အထိ ဖြစ်ပွားစေနိုင်ပါတယ်။
၂။aflatoxin ဟာ ကာဆီနိုင်ဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းဖြစ်ပါတယ်။ ဆိုလိုတာက သူဟာ အသည်းကင်ဆာဖြစ်ပွားစေတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ပမာဏ နည်းနည်းပဲထိတွေ့မိရင်တောင်မှ အချိန်ကြာရင် အသည်းရဲ့ဒီအန်အေအဆင့်အထိ ပြောင်းလဲသွားစေပြီး ကင်ဆာရောဂါကို ဦးတည်သွားစေနိုင်ပါတယ်။ 
၃။ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေပါတယ်။ ခုခံအားစနစ်ကို ကျဆင်းလာရင် ဝင်လာတဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်တော့မှာ မဟုတ်ပါဘူး။
၄။ ကလေးတွေရဲ့ ကြီးထွားဖွံဖြိုးမှုမှာ ပြသနာတွေပေါ်လာစေနိုင်ပါတယ်။ ကလေးမေမေတွေ အထူးသတိထားသင့်ပါတယ်။ တကယ်လို့ ကိုယ့်ကလေးရဲ့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ထဲမှာတွေထဲပါနေရင် ဘေဘီလေးတွေရဲ့ ခုခံအားစနစ်က ရောဂါပိုးမွားတွေကိုတိုက်ဖျက်နိုင်တော့မှာ မဟုတ်သလို ကြီးထွားမှုလဲနှောင့်နှေးစေပါလိမ့်မယ်။

⚠️ထပ်ပြီး ပြောပြချင်တာက Aflatoxin တွေက အသည်းကိုတိုက်ရိုက်ထိတဲ့အတွက် အရမ်းကြောက်ဖို့ကောင်းပါတယ် အသည်းဆိုတာ ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ အဆိပ်အတောက်တွေကို စစ်ထုတ်ပေးပါတယ်။ ဒါကြောင့်မို့လို့ aflatoxin ပါဝင်တဲ့ အစားအသောက်တွေစားသုံးမိခြင်းကြောင့် အချိန်ကြာလာတဲ့အခါမှာ အသည်းကိုထိခိုက်နိုင်ပြီး အသည်းကင်ဆာဖြစ်ပွားနိုင်ချေတွေမြင့်မားလာနိုင်ပါတယ်။
⁉️Aflatoxin ကိုဘယ်လိုရှောင်နိုင်မလဲ။ ⁉️
✅️FDA ထောက်ခံချက်ရှိတဲ့ အစားအစာတွေကိုပဲသုံးတာ၊
✅️ ကောက်ပဲသီးနှံတွေကို ‌သန့်ရှင်းခြောက်သွေ့တဲ့နေရာမှာထားတာ အစရှိတာတွေနဲ့ Aflatoxin တွေနဲ့ထိတွေ့မှုကိုလျော့ချနိုင်ပါတယ်။
 ဒါပေမယ့် အကောင်းဆုံးကတော့ ကိုယ့်မျက်စိနဲ့ကြည့်ပါ။ မြန်မာနိုင်ငံမှာ ငရုတ်သီးစိုထက် ငရုတ်သီးခြောက်ကိုအမှုန့်ကြိတ်ပြီးစားတာများကြပါတယ်။ငရုတ်သီးခြောက်‌တောင့်ကို ကိုယ်တိုင်ခွဲကြည့်ရင် အတွင်းပိုင်းမှာ မှိုတွေစွဲနေတာတွေ သေချာပေါက်တွေ့ရပါလိမ့်မယ်။ အပြင်ကြိတ်ပြီးသားတွေသုံးတာထက် မိမိအိမ်မှာ ကြိတ်သုံးထားတာက အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။ ငရုတ်သီးကို မကြိတ်ခင် တတောင့်ချင်းဆီ ခွဲကြည့်ပြီး မှိုပါတာတွေကို ကိုယ့်မျက်လုံးလနဲ့ကြည့်ပြီးဖယ်ပစ်ပါ။ ငါးခြောက်၊ ပုစွန်ခြောက်၊ မက်လင်ခြောက်၊ ခရမ်းသီးခြောက် အစရှိတဲ့ အသားငါး အသီးအနှံခြောက်တွေကိုချက်ပြုတ်မယ်ဆထုရင်လဲ မိမိမျက်စိနဲ့သေချာကြည့်ပါ။ မှိုတတ်နေတာ မှိုစွဲနေတယ်ဆိုရင် မသုံးတာအကောင်းဆုံးဖြစ်ပါတယ်။
‼️ သင့်ကျန်းမာရေးထက် ဘယ်အရာမှပိုအရေးမကြီးပါဘူး။ ‼️
🥰စာဖတ်သူများအားလုံးအသည်းရောဂါမှ ကင်းဝေးကြပါစေ။💞

𝐌𝐞𝐝𝐢𝐜 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐎𝐟𝐟𝐢𝐜𝐞 🏠
ရန်ကုန်ရုံး
အမှတ် ၁၉/၂၃၊ ဇေယျဝတီလမ်း/ဗဟိုလမ်း၊ စမ်းချောင်း
☎️ 𝟎𝟗 𝟖𝟗𝟕 𝟕𝟕𝟕 𝟎𝟔𝟖 ၊𝟎𝟗 𝟗𝟓𝟕 𝟕𝟕𝟕 𝟎𝟔𝟖

မန္တလေးရုံး
အမှတ် 413(A) , 36 လမ်း၊ 71 x 72 ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ် - 𝟎𝟗 𝟖𝟗𝟎𝟒 𝟕𝟕𝟕𝟏𝟖

ရှမ်းပြည်နယ်ရုံး
ရီဂျီးနားဟိုတယ်အနီး, စံလင်းဖြိုး အိမ်ရာ အထွက် အနောက်မြို့ပတ်လမ်း၊ တာချီလိတ်မြို့။
☎️ 09440670430

နေပြည်တော်ရုံး
မြတ် မင်္ဂလာ အထူးကုဆေးခန်းနှင့် ဆေးဆိုင် 
အမှတ် ၄၂၆၊ ပိတောက်လမ်းနှင့်ယင်းမာလမ်းထောင့်၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့။
☎️ 09 892880288

ပြင်ဦးလွင်ရုံး
Stay Young Aesthetic and Skincare Clinic
FF(၁၉၄/၁၉၅)၊ တပ်ဦးကျောင်းလမ်း၊ ရပ်ကွက်ကြီး(၁၀)၊ ပြင်ဦးလွင်မြို့။
☎️ 09 89 288 0 288

🌟 ဒီ channel လေးများကနေတစ်ဆင့် Teddy တို့ရဲ့ Medic Journey ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။ 💕

🔗YouTube Channel ( Medic Journey Healthcare)

🔗Telegram Channel ( Teddy Medic)

🔗TikTok Channel ( @teddy.medic)

🔗Viber Ph no ( Teddy Medic )
09 957777068

🔗Instagram 

No comments:

Post a Comment

Subscribe Us on Youtube

like us on facebook