တိုးတက်လာသော ကင်ဆာရောဂါကုသနည်းများ

 


ကင်ဆာရောဂါကို ကုသနိုင်တဲ့ နည်းပညာတွေ ဒီနှစ်ပိုင်းတွေမှာ အများကြီးတိုးတတ်လာပါတယ်။ ဒါဟာ ရောဂါခံစားနေရတဲ့ လူနာတွေအတွက်ရော ကုသပေးရတဲ့ ဆေးဝန်ထမ်းတွေအတွက်ပါ အလွန်ဝမ်းမြောက်စရာဖြစ်ပါတယ်။တိုးတက်လာတဲ့ ကင်ဆာရောဂါကုသနည်းတွေထဲက အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။Immunotherapy 

(မိမိကိုယ်ပိုင်ခုခံအားစနစ်ကို အသုံးချပြီး ကင်ဆာရောဂါကုသခြင်း)

ကျွန်တော်တို့ကို ပြင်ပရောဂါတွေကနေ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကိုယ်ခံအားစနစ်ကကာကွယ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေမှာ ကင်ဆာဆဲလ်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်က သူတို့ကိုမြင်ပြီး ဖျက်ဆီးခြင်းမခံရအောင် ပုန်းနေတတ်ပါတယ်။ Immunotherapy ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို ပုန်းနေတဲ့ကင်ဆာဆဲလ်တွေကိုမြင်ရအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ အဲ့တာမှ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို သွားရောက်ဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။ CAR-T cell therapy ဆိုတာ Immunotherapy ကုသနည်းများထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒီကုသနည်းမှာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်မှာ အဓိကအလုပ်လုပ်တဲ့ T cell တွေကို အပြင်ထုတ်ပြီးတော့ ပုန်းနေတဲ့ကင်ဆာဆဲလ်တွေကိုမြင်ရအောင် ပြုပြင်ပေးပြီး ခန္ဓာကိုယ်ထဲကိုပြန်ထည့်ပေးလိုက်တာဖြစ်ပါတယ်။

၂။Targeted cell therapy 

(ကင်ဆာဆဲလ်များကိုပစ်မှတ်ထားဖျက်ဆီးပြီး ကင်ဆာကုသခြင်း)

ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေနဲ့ကွာခြားပါတယ်။ Targeted cell Therapy ကတော့ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေတဲ့ ကင်ဆာဆဲတွေ ပစ်မှတ်ထားဖျက်ဆီးတာဖြစ်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ မက်ရှင်း 🔫 နဲ့အကုန်မွှေ့ရမ်းပစ်တာမျိုးမလုပ်ဘဲ စနိုက်ပါနဲ့ပစ်မှတ်ကိုသေချာချိန်ပြီးပစ်တာနဲ့တူပါတယ်။ ပုံမှန်ဆဲလ်တွေကြားမှာရှိတဲ့ ကင်ဆာဆဲလ်တစ်လုံးကိုဖျက်ဆီးပစ်ဖို့ ဘေးကပုံမှန်ဆဲလ်တွေကိုထိခိုက်စရာမလိုဘဲ ကင်ဆာဆဲလ်ကိုသာရွေးချယ်ပြီး ဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်။ ဥပမာ- ရင်သားကင်ဆာမှာဆိုရင် ကင်ဆာဆဲလ်တွေမှာ HER2 ဆိုတဲ့အသားဓါတ်တမျိုးကိုအများအပြား‌တွေ့ရှိရပါတယ်။ ရင်သားကင်ဆာကိုကုသတဲ့ Targeted cell Therapy မှာ သုံးတဲ့ဆေးဝါးတွေက အဲ့ဒီ HER2 ပါတဲ့ဆဲလ်တွေကို အဓိကထားတိုက်ခိုက်ပြီး ကင်ဆာဆဲလ်တွေကြီးထွားမှုကို ရပ်တန့်စေပါတယ်။ 

၃။Precision Radiation Therapy

(ပိုမိုတိကျသော ဓါတ်ရောင်ခြည်ကုသမှု)

အရင်တုန်းကတော့ ဓါတ်ရောင်ခြည်ကုသမှုတွေက အနည်းငယ် ပြင်းထန်လေ့ရှိပါတယ်။ သူက ကင်ဆာဖြစ်ပွားနေတဲ့နေရာတခုလုံးကိုခြုံပြီးပစ်မှတ်ထားလို့ ကင်ဆာဆဲလ်တွေရော သူ့ဘေးနားက ဆဲလ်အကောင်းတွေရော ပျက်ဆီးပါတယ်။ Precision Radiation Therapy မှာတော့ ဓါတ်ရောင်ခြည်ကို ပစ်မှတ်နေရာကို ပိုပြီးတိတိကျကျထား ကုသနိုင်ပါလိမ့်မယ်။ ဘာနဲ့တူလဲဆိုတော့ ဓါတ်မီးနဲ့ထိုးမယ့်အစား လေဆာနဲ့ထိုးလိုက်တာနဲ့တူပါတယ်။ ဒါကြောင့်မို့လို့ ဓါတ်ရောင်ခြည်တွေဟာ ကင်ဆာနေရာကိုပိုပြီး တိတိကျကျ ချိန်ရွယ်ကုသလာနိုင်တာကြောင့် ဘေးက ပုံမှန်ဆဲလ်တွေကို အထိအခိုက်မရှိ အကောင်းအတိုင်းချန်ထားနိုင်ပါတယ်။ 

Precision Radiation Therapy တစ်ခုဖြစ်တဲ့ Proton Therapy မှာဆိုရင် အလွန်သေးငယ်တဲ့ ပရိုတွန်ဓါတ်ရောင်ခြည်အမှုန်တွေကိုသုံးထားတဲ့အတွက် ပုံမှန်ဓါတ်ရောင်ခြည်တွေထက် ကင်ဆာ‌ဆဲလ်တွေကိုပိုပြီး တိတိကျကျဖျက်ဆီးပစ်နိုင်ပါတယ်။ 

၄။Gene Therapy 

(မျိုးရိုးဗီဇနည်းဖြင့် ကင်ဆာကုသခြင်း)

အချို့ ကင်ဆာရောဂါတွေက ပြင်ပ ပရောဂမပါဘဲ အကြောင်းအရင်းလဲရှာမရဘဲ ဆဲလ်တွေက သူ့အလိုလို မျိုးရိုးဗီဇပြောင်းလဲပြီး  ဖြစ်ပွားတတ်ပါတယ်။ 

အဲ့လိုပြောင်းလဲတတ်တဲ့ဆဲလ်တွေကို ဆဲလ်အတွင်းပိုင်းတွေအထိ မျိုးရိုးဗီဇလမ်းညွှန်ချက်တွေကို ပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။ ဥပမာ မြင်အောင်ပြောရရင် ဆဲလ်တွေရဲ့ မျိုးရိုးဗီဇကုဒ်ကို ထိန်းချုပ်လိုက်ပြီး ကြီးထွားနေတဲ့ကင်ဆာဆဲလ်ကို ရပ်လိုက်တော့လို့ အမိန့်ပေးလိုက်တာမျိုးဖြစ်ပါတယ်။ ဒီနည်းပညာကိုတော့ သိပ္ပံပညာရှင်များမှ စမ်းသပ်ဆဲဖြစ်ပြီး အောင်မြင်နိုင်မယ့် အရိပ်အယောင်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 


𝐌𝐞𝐝𝐢𝐜 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐎𝐟𝐟𝐢𝐜𝐞 🏠

ရန်ကုန်ရုံး

အမှတ် ၁၉/၂၃၊ ဇေယျဝတီလမ်း/ဗဟိုလမ်း၊ စမ်းချောင်း

☎️ 𝟎𝟗 𝟖𝟗𝟕 𝟕𝟕𝟕 𝟎𝟔𝟖 ၊𝟎𝟗 𝟗𝟓𝟕 𝟕𝟕𝟕 𝟎𝟔𝟖 


မန္တလေးရုံး

အမှတ် 413(A) , 36 လမ်း၊ 71 x 72 ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

☎️ ဖုန်းနံပါတ် - 𝟎𝟗 𝟖𝟗𝟎𝟒 𝟕𝟕𝟕𝟏𝟖 


ရှမ်းပြည်နယ်ရုံး

ရီဂျီးနားဟိုတယ်အနီး, စံလင်းဖြိုး အိမ်ရာ အထွက် အနောက်မြို့ပတ်လမ်း၊ တာချီလိတ်မြို့။

☎️ 09440670430 


နေပြည်တော်ရုံး

မြတ် မင်္ဂလာ အထူးကုဆေးခန်းနှင့် ဆေးဆိုင် 

အမှတ် ၄၂၆၊ ပိတောက်လမ်းနှင့်ယင်းမာလမ်းထောင့်၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့။

☎️ 09 892880288 


ပြင်ဦးလွင်ရုံး

Stay Young Aesthetic and Skincare Clinic

FF(၁၉၄/၁၉၅)၊ တပ်ဦးကျောင်းလမ်း၊ ရပ်ကွက်ကြီး(၁၀)၊ ပြင်ဦးလွင်မြို့။

☎️ 09 89 288 0 288

#oncology #cancer #advancedtechnology

 #medicjourney #healthcare

No comments:

Post a Comment

Subscribe Us on Youtube

like us on facebook