နှလုံးပင်မသွေးကြောကြီးယောင်ယမ်းခြင်

 


🫀Arotic Aneurysm (နှလုံးပင်မသွေးကြောကြီးယောင်ယမ်းခြင်း)

❓️ဘယ်လိုဖြစ်လာတာလဲ??
👉ခန္ဓာကိုယ်ရှိ အကြီးဆုံးသွေးကြောဖြစ်သော သွေးကြောနံရံတွင် ကျယ်လာပြီး သွေးကြောမကြီး ယောင်ယမ်းဖောင်းကားလာပြီး ရုတ်တရက် ပေါက်ပြဲပါက အသက်အန္တရာယ်ရှိနိုင်သည့် ရောဂါမျိုးဖြစ်သည်။ 

🩸ရောဂါဘယ်နှစ်မျိုးရှိလဲ??
နှလုံးရဲ့ပင်မသွေးကြောမကြီးနေရာတွေပေါ် မူတည်ပြီး
1️⃣ရင်ဘတ်သွေးကြောမကြီး ယောင်ယမ်းခြင်း (Thoracic aortic aneurysm)  
2️⃣ဝမ်းဗိုက်သွေးကြောမကြီးဖောင်းခြင်း (Abdominal aortic aneurysm) ဆိုပြီး ၂မျိုးရှိပြီး

❓️ဘယ်သူတွေမှာ ဖြစ်တတ်လဲ??
✔️အသက် ၆၅ နှင့်အထက် သက်ကြီးရွယ်အိုများ၊
✔️သွေးတိုးရောဂါ ၊ 
✔️မိသားစုတွင် ရောဂါဖြစ်ပွားတတ်သောမျိုးရိုးဗီဇရှိခြင်း၊ 
✔️ဆေးလိပ်သောက်ခြင်း၊ 
✔️သွေးကြောမာခြင်း
✔️သွေးတွင်းအဆီဓါတ်များခြင်း
တို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။ 

⚕️ကိုယ့်မှာ ရောဂါရှိလာရင် ဘယ်လိုတွေခံစားရမာလဲ ??
⚕️ပုံမှန်အားဖြင့် လက္ခဏာမရှိတတ်သော်လည်း 
📛ရင်ဘတ်၊ ကျော၊ ဝမ်းပိုင်းတွင် နာကျင်ခြင်း၊ 
📛ဖောင်းနေသော သွေးကြောမကြီး၏ သွေးခုန်နှုန်းကို စမ်းမိခြင်း
📛အသက်ရှူမဝခြင်း၊ 
📛သွေးပေါင်ရုတ်တရက်ကျလာပြီး သတိလစ်ခြင်းတို့အပြင်
⚠️ဖောင်းသောနေရာမှာရုတ်တရက်ပေါက်သွားပါက
☠️ရုတ်တရက်အသက်သေဆုံးခြင်းအထိအသက်အန္တရာယ်ရှိနိုင်ပါသည်။
😱ဘယ်လိုရောဂါရှာလို့ရနိုင်မလဲ??
💫အာထရာဆောင်း၊ 
💫CT Scan၊ 
💫MRI Echocardiography
 တို့ဖြင့် ရောဂါရှာဖွေသိရှိနိုင်ပြီး 
💊ဘယ်လိုကုလို့ရနိုင်လဲ??
🔗ကုသရာတွင် သေးငယ်သော သွေးလွှတ်ကြောများတွင် ယောင်ယမ်းဖောင်းကားနေပါက  
🔗ကျန်းမာရေးနင့် ညီညွတ်သော လူနေမှုပုံစံပြောင်းလဲခြင်း၊
🔗ဆရာ၀န်နင့် ရက်ချိန်းပုံမှန်ပြသခြင်း တို့ဖြင့် စောင့်ကြည့်တတ်ကြပြီး 
🔗သွေးတိုးရောဂါရှိပါက သွေးပေါင်ချိန်ထိန်းခြင်း၊ 
သွေးတွင်းအဆီချဆေးများပေးခြင်းတို့ဖြင့် ကုသနိုင်ပြီး  

💊စားဆေးနဲ့ပဲ ကုလို့ရနိုင်လား ခွဲစိတ်ဖို့လိုမှာလား??
💢ပင်မသွေးကြောကြီးများတွင်ဖြစ်ပွားခဲ့ပါက အချိန်မရွေး ပေါက်ကွဲနိုင်ပြီး အသက် အန္တရာယ်ရှိတဲ့
💣 ချိန်ကိုက်ဗုံးတစ်လုံးနှင့် တူသည့်အတွက်
ခွဲစိတ်ရန်လိုအပ်သော အခြေအနေမှာအချိန်မီ ခွဲစိတ်ပြုပြင်ရန် သတိပြုသင့်ပါသည်။ ‼️

Teddy တို့ရဲ့ အခမဲ့ ဝန်ဆောင်မှုတွေအကြောင်း အသေးစိတ်သိရှိလိုပါက Facebook Page Messenger တွင်ဆက်သွယ်နိုင်သလို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက 

𝐌𝐞𝐝𝐢𝐜 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐎𝐟𝐟𝐢𝐜𝐞 🏠
ရန်ကုန်ရုံးခွဲ
အမှတ် ၁၉/၂၃၊ ဇေယျဝတီလမ်း/ဗဟိုလမ်း၊ စမ်းချောင်း
☎️ 𝟎𝟗 𝟖𝟗𝟕 𝟕𝟕𝟕 𝟎𝟔𝟖 ၊𝟎𝟗 𝟗𝟓𝟕 𝟕𝟕𝟕 𝟎𝟔𝟖
မန္တလေးရုံးခွဲ
အမှတ် 413(A) , 36 လမ်း၊ 71 x 72 ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ် - 𝟎𝟗 𝟖𝟗𝟎𝟒 𝟕𝟕𝟕𝟏𝟖
ရှမ်းပြည်နယ်ရုံးခွဲ
ရီဂျီးနားဟိုတယ်အနီး, စံလင်းဖြိုး အိမ်ရာ အထွက် အနောက်မြို့ပတ်လမ်း၊ တာချီလိတ်မြို့။
☎️ 09440670430
#thoracicaorticaneurysm
#abdominalaorticaneurysm #rupture #medicjourney #heart #aroticaneurism #healthcare #healthservice #Myanmar #worldwide

No comments:

Post a Comment

Subscribe Us on Youtube

like us on facebook