


အမျိုးသမီးတွေ အတွက်



အဆင့် ၁
သားဥအိမ်ကို လှုံ့ဆော်ပေးခြင်း
ပုံမှန်အတိုင်းဆိုရင် အမျိုးသမီးတွေက တစ်လမှာ တကြိမ် ၊ တစ်ကြိမ်မှာ ' မ 'မျိုးဥ တစ်လုံးပဲ ကြွေလေ့ရှိပါတယ်။ IVF ကုသမှုမှာတော့ ဆရာဝန်က ' မ 'မျိုးဥကို တပြိုင်တည်း အများကြီးကြွေအောင် ဟော်မုန်းဆေးတစ်မျိုးကို ထိုးပေးပါတယ်။ ဒါမှသာ ကျန်းမာသန်စွမ်းတဲ့ မမျိုးဥကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဒီအဆင့်မှာ ဆရာဝန်ဆီကို ရက်ချိန်းမှန်မှန်ပြဖို့လိုအပ် ပါတယ်။
အဆင့် ၂
မမျိုးဥ ထုတ်ယူခြင်း
အဆင့် ၁ ကုသမှုပြီးလို့ ၁၀ ရက်မှ ၁၄ ရက်အတွင်းမှာ 'မ' မျိုးဥကို ထုတ်ယူနိုင်ပါတယ်။
ဒီအဆင့်မှာတော့ မေ့ဆေးပေးပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် နာကျင်မှုကို မသိရှိနိုင်ပါဘူး။
အဆင့် ၃
အမျိုးသားသုတ်ပိုး စုဆောင်းခြင်း
မမျိုးဥ ရယူတဲ့နေ့မှာပဲ အမျိုးသားသုတ်ပိုးကို ရယူပါတယ်။ ရယူထားတဲ့ အမျိုးသားသုတ်ပိုးများ ကျန်းမာသန်စွမ်းစေရန်အတွက် သီးသန့်ပြုလုပ်ထားတဲ့ဓါတ်ခွဲခန် းကို ပို့ဆောင်ပြီး ထိန်းသိမ်းပါတယ် ။
အဆင့်၄
ဓါတ်ခွဲခန်းအတွင်းမျိုးအောင်စေ ခြင်း
ဒီအဆင့်မှာတော့ အမျိုးသားသုတ်ပိုးနဲ့ ' မ 'မျိုးဥကို ဓါတ်ခွဲခန်းမှာ ရောနှောပေးလိုက်ပါတယ်။ တကယ်လို့သာ ရောနှောရုံနဲ့ သန္ဓေရနိုင်တဲ့ အခွင့်အရေးနည်းတယ်ဆိုရင် အမျိုးသားသုတ်ပိုးကို မမျိုးဥထဲကို တိုက်ရိုက်ထည့်လိုက်ပါတယ် ။ တိုက်ရိုက် ထည့်တဲ့နည်းကိုတော့ intracytoplasmic sperm injection (ICSI) လို့ခေါ်ပါတယ်။
မျိုးအောင်ပြီးတဲ့ သားလောင်းလေးတွေကို အထူးပြုလုပ်ထားတဲ့ ဖန်ပြွန်ထဲမှာ ရက်အနည်းငယ်လောက် ထည့်သွင်းထားပါတယ်။
အဆင့် ၅
မျိုးအောင်ပြီးတဲ့ သားလောင်းများကို အမျိုးသမီးသားအိမ်တွင် ထည့်သွင်းခြင်း
အဆင့် ၄ မှာသိမ်းဆည်းထားတဲ့ သားလောင်းများထဲမှ အကောင်းဆုံးကို ရွေးချယ်ပြီး အမျိုးသမီး သားအိမ်ထဲကို ထည့်သွင်းပါတယ်။ဒီအဆင့်ကတော့ တော်တော်ရိုးရှင်းပါတယ်။ ဆရာဝန်ကနေ ဖန်ပြွန်သေးသေးလေးကို အသုံးပြုပြီး သားအိမ်ဝမှတဆင့် ထည့်သွင်းခြင်းသာဖြစ်ပါတယ် ။ ကိုယ်ဝန်ရနှုန်းတိုးအောင်လို့ သားလောင်းတစ်ခုထက်ပိုပြီး ထည့်တတ်ပါတယ်။
အဆင့် ၆
ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း
အမျိုးသမီး သားအိမ်တွင်းကိုသားလောင်းပြောင် းရွှေ့ပြီး ၁၀ ရက်မှ ၁၄ ရက်အတွင်းမှာ ကိုယ်ဝန်ရှိမရှိ ကိုယ်ဝန်ခိုင်မခိုင် စစ်ဆေးကြည့်ပါတယ်။ များသောအားဖြင့် သွေးဖောက်စစ်တဲ့နည်းကိုပဲ အသုံးပြုပါတယ်။
အဆင့် ၇
တကယ်လို့သာ ကိုယ်ဝန်ရရှိအောင်မြင်ခဲ့ရင် ဆရာဝန်က ကိုယ်ဝန်အတွက်ဟော်မုန်းကုသမှုတွေ ကို ဆက်ပေးပါလိမ့်မယ်။ ကိုယ်ဝန် မအောင်မြင်ခဲ့ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အဆင့် ၁ မှ ပြန်လည် ကြိုးစားနိုင်ပါတယ်။
𝐌𝐞𝐝𝐢𝐜 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐎𝐟𝐟𝐢𝐜𝐞 

ရန်ကုန်ရုံး
အမှတ် ၁၉/၂၃၊ ဇေယျဝတီလမ်း/ဗဟိုလမ်း၊ စမ်းချောင်း

မန္တလေးရုံး
အမှတ် 413(A) , 36 လမ်း၊ 71 x 72 ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

ရှမ်းပြည်နယ်ရုံး
ရီဂျီးနားဟိုတယ်အနီး, စံလင်းဖြိုး အိမ်ရာ အထွက် အနောက်မြို့ပတ်လမ်း၊ တာချီလိတ်မြို့။

နေပြည်တော်ရုံး
မြတ် မင်္ဂလာ အထူးကုဆေးခန်းနှင့် ဆေးဆိုင်
အမှတ် ၄၂၆၊ ပိတောက်လမ်းနှင့်ယင်းမာလမ်းထော င့်၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့။

ပြင်ဦးလွင်ရုံး
Stay Young Aesthetic and Skincare Clinic
FF(၁၉၄/၁၉၅)၊ တပ်ဦးကျောင်းလမ်း၊ ရပ်ကွက်ကြီး(၁၀)၊ ပြင်ဦးလွင်မြို့။







09 957777068

(Medic Journey) https://www.instagram.com/ journeymedic?igsh= NTc4MTIwNjQ2YQ==
#ivf #pregnancy #advancedtechnology #medicjourney #healthcare #health #baby #makingbaby
No comments:
Post a Comment